မနက်ဖြန် ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်း နေမထွက်ခင် အချိန်မှာ အရှေ့ဖက် ကောင်းကင်ကို ကြည့်ပါ က စနေဂြိုဟ် (Saturn) နဲ့ အင်္ဂါ ဂြိုဟ် (Mars) တို့ ကို အလွန်နီးကပ်စွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ တကယ်တော့ ဒီဂြိုဟ် နှစ်ခု တခုနဲ့ တခု အမှန်တကယ် နီးကပ်လာခြင်းမျိုး မဟုတ် ပဲ ကျွန်တော်တို့ ကမ္ဘာပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းမှာသာ ဂြိုဟ် နှစ်ခု ကို ကောင်းကင် ရဲ့ တနေရာ ထဲမှာ နီးနီးကပ်ကပ် မြင်ရခြင်းမျိုးဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို နက္ခတ္တဗေဒပညာမှာ Conjunction ဖြစ်တယ်လို့ခေါ်ပြီး နှစ်စဉ်နှစ်တိုင်း အမြဲဖြစ်ပေါ်နေတတ်တဲ့ မထူးဆန်း တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် Vစနေဂြိုဟ် (Saturn) နဲ့ အင်္ဂါ ဂြိုဟ် (Mars) နှစ်ခုလုံးဟာ ကမ္ဘာကနေ သာမန်မျက်စိနဲ့ သေချာမြင်ရတဲ့ ဂြိုဟ်တွေဖြစ်တာကြောင့် ဒီဂြိုဟ် နှစ်ခု နီးကပ်လာတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့ နက္ခတ္တဗေဒ ပညာရပ် စိတ်ဝင်စားသူတွေ အတွက်တော့ စောင့်ကြည့်ရမယ့်ဖြစ်ရပ် တစ်ခုပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ဧပြီလ ၁၀ရက်နေ့ မနက် ၄ နာရီ ခွဲမှ ၅ နာရီ ခွဲလောက်ထိ သေချာမြင်တွေ့ရမှာဖြစ်ပြီး အဲနောက်ရက်တွေမှာတော့ တဖြည်းဖြည်းနဲ့ ပြန်လည် ဝေးကွာသွားမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုပါက အရှေ့ဖက်ကောင်းကင်ကို မိုးကုတ်စက်ပိုင်း အပေါ်နားထိ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ နေရာကနေကြည့်မှ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဂြိုဟ် ၂ လုံး နီးကပ်နေရာမှာ အပေါ်ဖက် က Mars ဂြိုဟ်ဖြစ်ပြီး အောက်ကပ်ရက်မှာ Saturn ဂြိုဟ်ကို မြင်ရမှာပါ။ တယ်လီစကုတ်နဲ့ ကြည့်မယ်ဆိုပါက ဂြိုဟ် ၂ ခု လုံးကို တယ်လီစကုတ် ရဲ့ မြင်ကွင်း တစ်ခုထဲမှာ ပြိုင်တူမြင်နေရမှာလဲဖြစ်ပါတယ်။
ယခုလို အာကာသထဲမှ ဖြစ်စဉ်များဟာ ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ရှိတဲ့ လူသားတို့ရဲ့ နေ့စဉ်ဘ၀ ဖြစ်စဉ်များကို သက်ရောက်မှု မရှိပဲ သဘာ၀တရား အတိုင်းလည်ပတ်ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။ မည်သည့် တိကျတဲ့ သက်သေ မရှိတဲ့ ဖြစ်စဉ်တွေ ကို ယုံကြည်တာမျိုး မလုပ်ပဲ မိမိ ကြုံတွေ့ရတဲ့ နေ့စဉ် ဘ၀ဖြစ်စဉ်များကို ပညာအသိ နဲ့ ယှဉ်တွဲပြီး စဉ်းစားချင့်ချိန်နိုင် ကြမှသာလျှင် ယခုခေတ်မှာ များပြားလှတဲ့ သတင်းအမှားတွေ သတင်းတုတွေ ရဲ့ ရန်ကနေ လွတ်ကင်းနိုင်ကြမှာလဲဖြစ်ပါတယ်။
စနေဂြိုဟ် (Saturn) နဲ့ အင်္ဂါ ဂြိုဟ် (Mars) တို့ ကို နီးကပ်စွာမြင်ရမယ့် မနက်ခင်း

~ MASES / Min Zaw Moe