၁၉၉၀ မှာ Hubble’s Telescope ကို စစလွှင့်တင်ပြီး မရှေးမနှောင်းမှာပဲ Nasa က နောက်ထပ် challenge အနေနဲ့ James Webb telescope အတွက် project စဖို့ပြင်တယ်။
စစချင်း သူ့အတွက် budget လျာထားတာက USD$ 1 billion နဲ့ ကြာချိန် ဆယ်နှစ်လို့မှန်းထားပြီးတော့ လျာထားတယ်။
(စီမံကိန်းနှစ်ခုကွာခြားတာယှဥ်ရရင် Hubble’s အတွက်Budget ကို က USD 400 million လို့မှန်းထားပြီး တကယ်ကုန်တော့ 1.8billion နဲ့ နှစ်စဥ်ထိန်းသိမ်းစရိတ် 98 million လောက်ကုန်ကျတယ်။)*
မမျှော်လင့်ထားပဲနဲ့ ကမ္ဘာပတ်လမ်းထဲလွှတ်တင်ပြီးမှ Hubble’s telescope မှာ Focus ပိုင်းနဲ့ဆိုင်တဲ့ အမှားပါသွားပြီးတော့ public ကိုချပြတဲ့ ပထမဆုံးပုံတွေမှာ blurry ဖြစ်နေတဲ့ image တွေပဲရလာခဲ့တယ်။
မဆိုစလောက် အမှားလေးဆိုပေမယ့် ကမ္ဘာပတ်လမ်းထဲမှာ လွှတ်တင်ထားတာမို့ နောက်ထပ် လူလွှတ်ပြီးပြင်ရမယ့်space mission နှစ်ခု နဲ့ USD 1billion ထပ်ကုန်ကျပြီးမှ ပဲ သုံးလို့ရတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။
Hubble telescope အတွက်အမှားပြင်တာတွေကို အာရုံစိုက်နေရတဲ့ အတွက်ကြောင့်မလို့ James Webb telescope အတွက် Project ကို 2000 ခုနှစ်နားမှပဲ ကောင်းကောင်းစနိုင်ခဲ့တယ်။ ဒါမယ့် အရမ်းရူပ်ထွေးပြီးတော့ ခက်ခဲတဲ့ engineering project ဖြစ်တာရောBudgetအတွက် လိုအပ်တဲ့ logistics ပိုင်းဆိုင်ရာနဲ့ mismanagement အမှားတွေကြောင့်မလို့ ပြီးမယ်လို့ မှန်းထားတဲ့ 2004 ခုနှစ်မှာတင် USD 4billion လောက်ပိုကျနေပြီး စီမံကိန်းလုံးဝရပ်ဖို့အထိပါဖြစ်ခဲ့ရပါတယ် ။
၂၀၁၁ခုနှစ်ရောက်လာတဲ့အထိ ဒီ Jame Webb telescope project က USD 6.6billion ကုန်ကျထားတဲ့အပြင်ကိုမှ အပြီးမသတ်နိုင်သေးပဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပါတယ်။
နောက်ဆုံးဒီ Budget မလုံလောက်တဲ့ ပြဿနာတွေဖြေရှင်းဖို့ NASA တစ်ခုတည်းနဲ့တင်မရတော့ပဲ European space agency (ESA) က USD 1billion ၊ Canadian space agency (CSA) က 700 million ပါထပ်ကူပြီး 9.7 billion နဲ့ အချိန် ၂၅ နှစ်ကြာပြီးမှ ပဲ အောင်အောင်မြင်မြင်ပြီးသွားခဲ့ပါတယ် ။
James Webb telescope အတွက် တည်ဆောက်ချိန်အရမ်းကြာနေရတာက Budgetလိုအပ်ချက် ကြောင့်ကော အရင် Hebble Telescope တွေလို ကမ္ဘာ့ပတ်လမ်းထဲမှာထားမှာမဟုတ်ပဲ ကမ္ဘာ လ နဲ့ နေတို့ဆီက ထွက်တဲ့ အလင်းရောင်တွေရဲ့noise တွေနဲ့ဝေးမယ့် James Webb telescope မှာ တပ်ထားတဲ့ infrared camera တွေကို အနှောက်အယှက်ကင်းမယ့် noise freezone L2 point မှာထားမှာမို့ပါ ။
ဒီမှာပေါ်လာတဲ့ ပြဿနာက L2 point က ကမ္ဘာနဲ့လရဲ့အကွာအဝေးရဲ့လေးပြန်လောက် မိုင်တစ်သန်းနီးပါးရှိနေတော့ လွှတ်တင်ပြီးမှ အမှားတစ်ခုခုပါသွားရင် သွားပြင်ဖို့ Man mission လွှတ်ဖို့လည်းမဖြစ်နိုင်သလောက်ဖြစ်တာမို့ တစ်ခါတည်းအားလုံးအမှားအယွင်းမရှိရအောင် Fault finding အကြိမ်ကြိမ်လုပ်ပြီးစိတ်ချသေချာပြီဆိုတဲ့ အချိန်မှပဲ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီjames Webb telescope ဟာ သူရဲ့သက်တမ်းကြာချိန်နောက် ဆယ်နှစ်ခန့် အထိကို လူသားတွေ Universe တွေ ဘယ်လိုအလုပ်လုပ်တယ်၊ exoplanet တွေကိုရှာဖွေတဲ့နေရာမှာအဓိကနေရာကနေ ကူညီပေးမှာဖြစ်ပါတယ်။
ဒီ project ကနေ ရလာမယ့် data တွေကနေကမ္ဘာက ဘယ်လိုအကျိုးအမြတ်တွေရရှိမလည်း ဆိုတာ စိတ်ဝင်စားကြရင် နောက်ပိုစ့်တစ်ခုမှာ ထပ်ရေးပါဦးမယ် ။
~MASES / Soe pyae htat

ကမ္ဘာရဲ့ အဝေးအာကာသ မိုင်တစ်သန်းအကွာမှာရှိနေမယ့် Jame Webb telescope ဒါကတော့ artist တစ်ယောက်ကနေ စိတ်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။

A star is born လို့ နာမည်ပေးထားတဲ့ NASA ကနေ ထုတ်လွှင့်ပေးထားတဲ့ ပထမဆုံးပုံပါ။

Telescope ဆိုပေမယ့် Jame Webb telescope ရဲ့ အရွယ်အစားက NASA ကလွှင့်တင်ထားတဲ့ အာကာသ telescope တွေထဲမှာ အကြီးဆုံးပါပဲ။