လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ Astronomy သိပ္ပံပညာကို စိတ်ဝင်စားကြတဲ့ ဝါသနာရှင်များအတွက် ထူးခြားတဲ့ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ကို မြင်တွေ့ရနိုင်မယ့် နေ့တစ်ရက်ဖြစ်ပါတယ်။
ဒါက ဘာအဖြစ်အပျက်လည်းဆိုရင် Planet parade လို့ခေါ်တဲ့ ဂြိုလ်များတန်းစီလှည့်ခြင်းဖြစ်စဉ်ကို တမူထူးခြားစွာလေ့လာနိုင်မှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့်ဆို အထက်မိုးကောင်းကင်ရဲ့ မျက်နှာစာမှာ ဂြိုလ်တန်းစီလှည့်ခြင်းကို ဂြိုလ်အရေအတွက်အနည်းငယ်နဲ့ မြင်ရလေ့ရှိပါတယ်။
ဂြိုလ်သုံးလုံးတန်းစီခြင်းကို mini planet parade …..
ဂြိုလ်၄ လုံးတန်းစီခြင်းကို small planet parade ……
ဂြိုလ်ငါးလုံး/ခြောက်လုံးအထက် ကို large planet parade ….
ဆိုပြီးသတ်မှတ်ခေါ်ဝေါ်ကြပေမယ့် အခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖြစ်ပေါ်မယ့် ဂြိုလ်တန်းစီလှည့်ခြင်း ဟာ ကျွန်တော်တို့ Solar system ထဲမှာ ရှိတဲ့ ဂြိုလ်များအားလုံးကို ထူးထူးခြားခြား တစ်ညနေထဲမှာ တစ်ချိန်တည်းလေ့လာနိုင်မယ့် အချိန်ဖြစ်ရပ်ဖြစ်တဲ့ Full planets parade alignment ဖြစ်စဉ်ဖြစ်ပါတယ်။
ပုံမှန် ဒီလိုဖြစ်စဉ်ဟာ နှစ် ၁၀-၁၅ နှစ်ကြာမှ တစ်ကြိမ်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်မျိူးများဖြစ်ကြပါတယ်။
ဒီလိုဖြစ်စဉ်ဖြစ်ရတာဟာ နေသွားရာစိတ်မှန်းမျဉ်း Ecliptic လမ်းကြောင်းအတိုင်းမှာ Solar system ထဲက ဂြိုလ်များ ဟာ သူတို့ကိုယ်စီ နေကို လှည့်ပတ်နေတဲ့ အရှိန်နဲ့ အချိန်များဟာ ကမ္ဘာလှည့်ပတ်နေတဲ့ အရှိန် တစ်ရက်တည်းမှာ တူညီလုနီးပါး သွားကျကြတာမို့ ကမ္ဘာ့ကောင်းကင်ပြင်မှာ အခုလိုမြင်ရတာဖြစ်ပါတယ်။ နေနဲ့ အနီးဆုံး mercury ဂြိုလ်ဟာနေကို တစ်ပတ်ပတ်မိဖို့ ၈၈ရက်ပဲ အချိန်ယူရပေမယ့် အဝေးဆုံး Neptune ဂြိုလ်ဟာ ၁၆၅ နှစ်ယူရတာဖြစ်ပါတယ်။
Planet Parade or Planetary Alignment ဆိုတဲ့ အသုံးအနှုန်းဟာ တရားဝင် သိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခု မဟုတ်သေးပေမယ့် နက္ခတ္တသိပ္ပံ ပညာရှင်တွေ ကြားမှာတော့ ယခုလို ဂြိုဟ်တွေ ကို ကောင်းကင် တစ်နေရာမှာ စုစည်းပြီး မြင်ရတဲ့ နက္ခတ္တသိပ္ပံ ဆိုင်ရာ ဖြစ်စဉ် ကို တင်စားပြီး ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ဒီဂြိုဟ်တွေ ဟာ နေအဖွဲ့အစည်း ကို အပေါ်စီး က ကြည့်မယ်ဆိုပါက နေရဲ့ Other side တဖက် ခြမ်းမှာ ရောက်နေတာ ဖြစ်တာမို့ သူတို့ရဲ့ တည်နေရာတွေ က အာကာသ ထဲမှာ အတန်းလိုက်ကြီးရှိနေကြမှာမျိုး မဟုတ်ပါဘူး။ အမြင်မှာ တစ်ထပ်တည်းစီတန်းနေမှု ဖြစ်စဉ်တစ်ခု သာ ဖြစ်ပါတယ်။
ယခုလို ဂြိုဟ်စီတန်းခြင်း တွေဟာ သိပ္ပံပညာရှင်တွေ အနေနဲ့ နှစ်ပေါင်းများစွာ ကြိုတင် တွက်ချက်နိုင်ပြီး သဘာဝအတိုင်း အမြဲလှည့်ပတ်ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များဖြစ်ပါတယ်။
ဒီ ထူးခြားတဲ့ Astronomy ဆိုင်ရာ ဖြစ်စဉ် ကို ကြည့်ရှုဖို့ ကောင်းကင်သန့်တဲ့ light pollution နည်းပါးမယ့်နေရာ၊ တိမ်ကင်းစင်မယ့်အချိန်များ ကိုရွေးချယ်ပြီး ဖေဖော်ဝါရီ ၂၆ ညနေပိုင်း နေစဝင်ချိန်ကစပြီး ကြည့်ရှုနိုင်ပါတယ်။ဒီလို လေ့လာမယ်ဆိုရင် သာမန်မျက်စိနဲ့ Mercury/venus / mars/jupiter/saturn ဂြိုလ်ငါးလုံးကိုလေ့လာနိုင်မှာဖြစ်ပြီး Neptune နဲ့ Uranus ဂြိုလ်များကိုတော့ တယ်လီစကုတ်များအသုံးပြုလေ့လာနိုင်မှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေစပြီးတော့ ဒီဖြစ်စဉ်ဟာ ကမ္ဘာနိုင်ငံများမှာ စတင်လေ့လာခွင့်ရရှိနိုင်မှာဖြစ်ပြီး အာရှနိုင်ငံများအတွက်တော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့နောက်ပိုင်းမှာ စပြီး လေ့လာခွင့်ရနိုင်မှာဖြစ်ပါတယ်။
နောက်ပြီး အခုလို Full Alignment ထပ်ဖြစ်ဖို့ဟာ 2040 ခုနှစ်ကြမှ သာ ထပ်ဖြစ်ပေါ်မှာဖြစ်လို့ အခုဖြစ်စဉ်ကို MASES အဖွဲ့သားများနဲ့ အတူတူ လေ့လာကြည့်ကြဖို့ ကြိုတင်ဖိတ်ခေါ်ထားပါရစေ။
~MASES /Soe pyae htat See less