“၂၀၂၅ ခုနှစ်အတွက် Venus ဂြိုလ်ရဲ့အလင်းလက်ဆုံးအချိန် ”
Venus သောကြာဂြိုလ်ဟာ Solar system ထဲမှာရှိတဲ့ ဂြိုလ်တွေထဲမှာ အလင်းလက်ဆုံးဂြိုလ်ဖြစ်ပါတယ်။
မှောင်ရီစ ကောင်းကင်ယံမှာ ကြယ်တစ်လုံးလောက်နီးနီးလင်းလက်နေတာမို့ သူ့ကို morning star / evening star လို့တောင်ခေါ်ကြပါတယ်။ တကယ်တော့ သူက ကြယ်မဟုတ်ပဲ နေကို ဝိုင်းပတ်နေတဲ့ ကမ္ဘာလိုပဲ ဂြိုလ်တစ်လုံးသာဖြစ်ပါတယ်။
Venus ဆိုတဲ့နာမည်ဟာ ရောမတွေရဲ့ အချစ်နတ်ဘုရားမ Venus ကနေလာပါတယ်။နောက်ပြီးsolar system ထဲက ဂြိုလ်တွေကိုနာမည်ပေးထားတဲ့အထဲက အမျိူးသမီးနာမည်နဲ့ တစ်ခုတည်းသောဂြိုလ်ဖြစ်ပါတယ်။ Greek လူမျိုးတွေရဲ့ အလှဆုံးနတ်ဘုရားမ Aphrodite ဆီကဆင်းသက်လာတာပါ။
ဘာလို့ အခုလို့လင်းလက်နေရတာလည်း?
Venus ဟာ ကမ္ဘာနဲ့အရွယ်အစားတူတူနီးပါးရှိပါတယ်။ဒါကြောင့်ကမ္ဘာရဲ့ ညီအမဂြိုလ်လို့တောင် ခေါ်ကြပါတယ်။ဒါမယ့် ညီအမဂြိုလ်ထက် Hellish earth လို့ခေါ်တာတောင်ပိုနီးစပ်ပါတယ်။
သူမှာ အရမ်းထူတဲ့လေထုရှိပြီးဒီလေထုဟာ ကမ္ဘာမှာလို Nitrogen/ oxygen တွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပဲ CO² လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အများစုနဲ့ဖွဲ့စည်းထားတာပါ။သူ့လေထုဟာ ၉၈% လောက် ကို CO² တွေနဲ့ ဖွဲ့ထားတာပါ။
ကမ္ဘာမှာ မိုးရွာနေသလို သူ့ဆီမှာလည်း မိုးရွာပါတယ်။ မတူတာက သူ့မှာရွာတဲ့မိုးတွေက ဆာလဖျူရစ် အက်ဆစ်မိုးတွေဖြစ်ပါတယ်။ဒါတွေကြောင့်သူ့ရဲ့ လေထုဟာ ဖန်လုံအိမ်အာနိသင်လိုမျိုးဖြစ်နေတဲ့ အတွက် မျက်နှာပြင်အပူချိန်ကလည်း နေနဲ့ အနီးဆုံး ဂြိုလ်ဖြစ်တဲ့ မာကျူရီထက်တောင်ပိုများနေပါသေးတယ်။
Mercury က အပူချိန် 450°C ရှိတယ်ဆိုသူက 480°C လောက်ရှိပါတယ်။ဒါကြောင့် Solar system ထဲမှာလည်း အပူဆုံးဂြိုလ်ဖြစ်ပါတယ်။လေထုဖိအားကလည်း ကမ္ဘာထက် အဆ 90 လောက်ကိုများပါတယ်။
ဒီလို အခြေအနေတွေ လေထုအမျိုးအစားတွေကြောင့် Venus ရဲ့လေထုဟာ အလင်းပြန်တဲ့မျက်နှာပြင်လိုဖြစ်နေပြီး နေကနေလာတဲ့အလင်းကိုပြန်နေတာဖြစ်ပါတယ်။အဲ့တာကြောင့်အခုလို လှပပြီးလင်းလက်နေရတာပါပဲ။ကမ္ဘာနဲ့ အနီးဆုံးဖြစ်နေတာလည်းပါပါတယ်။
Venus ရဲ့နောက်ထူးခြားတဲ့အချက်က နောက်ပြန်လည်နေတာပါ။ ကမ္ဘာက အရှေ့အရပ်ကနေထွက်တယ်ဆို Venus မှာသွားကြည့်ရင် အနောက်အရပ်က နေထွက်ပါလိမ့်မယ်။ ဒါဟာ ဘာ Supernatural ဖြစ်စဉ်တွေကြောင့်ဖြစ်နေရတာမဟုတ်ပဲ သာမန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခုသာဖြစ်ပါတယ်။
Venus ရဲ့ တနေ့တာဟာ 243 ရက်ကြာပါတယ်။Venus ဟာနေကို တစ်ပတ်ပတ်မိဖို့က 225 ရက်ပဲ ကြာတာမို့ သူရဲ့တစ်နှစ်ဟာ တစ်ရက်ထက် ပိုမြန်နေပါတယ်။
Venus ရဲ့ မျက်နှာပြင်မှာ လည်းမီးတောင်တွေရှိပြီး Solar system ထဲမှာ active vocalno အများဆုံးလို့တောင်ပြောလို့ရနိုင်ပါတယ်။အသေးဆုံးဂြိုလ်လေး Mercury မှာ သံလိုက်စက်ကွင်းရှိပေမယ့် Venus မှာတော့ မရှိပါဘူး ဒီလိုမရှိရတာကလည်း သူ့ရဲ့ အတွင်းဗဟို core ဟာ solid အခဲပုံစံနဲ့ရှိနေလို့ဖြစ်ပါလိမ့်မယ်။
ကမ္ဘာကနေ Venus ကို လေ့လာရေး mission တွေလွတ်ဖူးပါတယ်။ အစောဆုံးက ရုရှားနိုင်ငံက လွှတ်တဲ့ Venera probes
ဆို Venus ဂြိုလ်မျက်နှာပြင်အထိဆင်းသက်ခဲ့ပြီး မိနစ်ပိုင်းလောက်ပုံတွေရိုက်နိုင်ခဲ့ပါတယ်။ NASA ကလည်း ၁၉၉၀ မှာ mission လွှတ်နိုင်ခဲ့ပြီးတော့ Venus ရဲ့မျက်နှာပြင်ကို ရေဒါပုံတွေရိုက်ယူနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း Envision ဆိုတဲ့ Mission နဲ့ထပ်သွားလေ့လာဖို့ရှိပါသေးတယ်။
VENUS ကို Telescope နဲ့ကြည့်မယ်ဆိုရင် သိပ်မရှာရပဲ အလွယ်တကူကြည့်နိုင်မှာဖြစ်ပြီးတော့ သူ့ကို လခြမ်းကွေး/ လတစ်ဝက်/ လအပြည့်ပုံစံ စတဲ့ phases မျိူးစုံကိုလည်း မြင်ရနိုင်ပါတယ်။ဒီလိုဖြစ်ရတာဟာ နေကနေ အလင်းထိုးနေတဲ့ဘက်က နေရိပ်ကျနေတဲ့ဘက်ထက် အလင်းပိုတောက်နေလို့ဖြစ်ပါတယ်။Venus က ကမ္ဘာကနေဆို ပျမ်းမျှ မိုင် 45သန်း နေ ကနေဆို မိုင်67 သန်းလောက်ကွာဝေးပါတယ်။
နောက်ပြီး ဒီနေ့ညနေမှာ မြင်ရမယ့် Venus ဟာ အလင်းလက်ဆုံးဖြစ်နေမှာဖြစ်တာမို့ MASES နဲ့ အတူတူလေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။
~ MASES / Soe pyae htat

Venus ကို မြင်ရတာဖြစ်ပါတယ် ဒီမှာကြည့်လိုက်ရင် ဝါနေတာက သူ့လေထုထဲမှာ Sulphuric acid တွေ ပါနေလို့ပဲဖြစ်ပါတယ်။ကမ္ဘာလေထုဖိအားထက်လည်း အဆ ၉၀ လောက်များပြီး green house effect ဖြစ်နေတာကြောင့်ပါ။

Venus မျက်နှာပြင်ပေါ်ဆင်းသက်နိုင်ခဲ့တဲ့ ရုရှားsatellite ဂြိုလ်တုကနေ ရိုက်ယူထားနိုင်ခဲ့တဲ့ Venus မျက်နှာပြင် အခြေအနေဖြစ်ပါတယ်။ဒီပုံရိုက်ပြီး မကြာခင်ပဲ သူလည်းပျက်စီးသွားခဲ့ပါတယ်။

Greek / roman တွေရဲ့ အချစ်နတ်ဘုရားမ Aphrodite/ Venus ဖြစ်ပါတယ်။ နာမည်မတူပေမယ့် တစ်ယောက်တည်းပါပဲ။ဒါမယ့် Venus ဟာစိတ်ကူးယဉ်နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။

Venus ကို သွားခဲ့တဲ့ ရုရှား satellites verena လေးပုံပါ။ ၁၉၇၆ ခုနှစ်က သွားခဲ့တာဖြစ်ပါတယ်။