ယနေ့ ည အောက်တိုဘာလ ၁၇ ရက် ရဲ့ လပြည့်နေ့ည ဟာ စူပါမွန်းဖြစ်မှာပါ။ စူပါမွန်းဆိုတာ က ကမ္ဘာနဲ့ လ နဲ့ အနီးကပ်ဆုံးရောက်တဲ့ နေရာနဲ့ လပြည့်နေ့ နဲ့ နီးကပ်တဲ့ အချိန်မှာ မြင်ရတဲ့လပြည့် ကို ခေါ်တာဖြစ်ပြီး အောက်တိုဘာ လ ရဲ့ စူပါမွန်းဟာ ၂၀၂၄ ခုနှစ် အတွက်အကြီးဆုံးမြင်ရမယ့် စူပါမွန်းဖြစ်ပါတယ်။ အောက်တိုဘာ လ ရဲ့ လပြည့်ည ကို Hunter’s Moon လို့လဲ ခေါ်ဆိုကြပါတယ်။ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီးတဲ့ အချိန်၊ သစ်ရွက်တွေလဲ ကြွေကျနေတဲ့ ဒီလိုအချိန်မှာ တောထဲကနေ အစာရှာထွက်လာတဲ့ သမင်၊ ဒရယ်တွေနဲ့ သူတို့ကို စားဖို့ ချောင်းနေတဲ့ မြေခွေးတွေကို လရောင်အောက်မှာ အမဲလိုက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တာကြောင့် `Hunter’s moon´ ဆိုပြီး အမည်တွင်ခဲ့တာပါ။
နောက်တစ်နည်းနဲ့ သူ့ကို `Beaver moon´ လို့လဲခေါ်ပါတယ်။ Beaver ဆိုတာ ရှဉ့်ပုံစံ တွင်းတူး သတ္တဝါကောင်လေးတွေပါ။ သူတို့ အမွှေးက အနွေးထည် ချုပ်ဝတ်လို့ ရပါတယ်။ ဆောင်းရာသီမှာ အနွေးထည် ဝတ်ဖို့ အခုလို ဆောင်းကူးကာလ လရောင်အောက်မှာ beaver ကောင်လေးတွေ ဖမ်းဖို့ ထောင်ချောက်ဆင်လေ့ရှိတာကြောင့် `Beaver moon´ လို့ အမည်တွင်ပါတယ်။ ဒီအချိန်မှာဘဲ လတ္တီကျု အမြင့်ပိုင်းဒေသတွေမှာ နှင်းတွေ ကျလေ့ရှိတာကြောင့် ဒီလပြည့်ကို `Frosty moon´/ `Snow moon´ ဆိုပြီးလဲ ခေါ်ကြပါသေးတယ်။ Astronomy ရှုထောင့်က ကြည့်ရင်တော့ လဟာ အဲ့ဒီလပြည့်မှာ ကမ္ဘာနဲ့ အနီးဆုံး `Perigee´ ဘက်နားကို ရောက်နေမှာ ဖြစ်တာကြောင့် သူ့ကို `Supermoon ´ လို့ အမည်တပ်လို့ ရပါတယ်။ တကယ်လို့ လ က ကမ္ဘာနဲ့ အဝေးဆုံးနေရာ ‘Apogee’နားကို ရောက်နေရင်တော့ သူနဲ့ ဆန့်ကျင်ဘက် `Micro Moon´ ဖြစ်မှာပါ။
လပြည့်နေ့ တွေဟာ နှစ်တိုင်း လတိုင်းဖြစ်ပေါ်နေတဲ့ သဘာ၀ ဖြစ်ရပ်တွေပဲဖြစ်ပြီး ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ပြသနာတွေ နဲ့ ဆက်စပ်နေခြင်းလုံး၀ မရှိပါဘူး။ ကျွန်တော်တို့ လူသားတွေ အနေနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ အပေါ်မှာ ကြောင်းကျိုးစဉ်းစားတွေးခေါ်နိုင်စွမ်းရှိရှိနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပြီး သဘာဝလွန်ဖြစ်စဉ်တွေအပေါ်မှာ မျက်စိမှတ် မယုံကြည်ကြဖို့ ကျွန်တော်တို့ MASES အဖွဲ့မှ တိုက်တွန်းလိုပါတယ်။ ဒီနေ့ည ရာသီ ဥတု အခြေအနေပေါ် မူတည်ပြီး လ ကို ကျွန်တော်တို့ page ကနေ Live ပြပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ညနေ ၆ နာရီ ဝန်းကျင်မှာ Live စပြပေးမယ်လို့ ကြိုအသိပေးလိုပါတယ်။
~ MASES
-Min Zaw Moe



