မြန်မာနှစ်သစ်ကူး ကောင်းကင်မှာ ရွာမယ့် ကြယ်မိုး သို့ Lyrid Meteor Shower
Lyrid Meteor Shower လို့ခေါ်ကြတဲ့ Lyra Constellation နား က နေ ဥက္ကာခဲ တွေ ဟာ ဒီအပတ်ထဲမှာ ကမ္ဘာပေါ်ကို ကျရောက်မှာပဲဖြစ်ပါတယ်။ ဒီ ကြယ်မိုးရွာ ခြင်း ဖြစ်စဉ်ကိုတော့ တစ်ကမ္ဘာလုံး နီးပါး က မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက လဲ မြင်တွေ့ရမှာပါ။ ဧပြီ ၁၅ ရက် က နေ ၂၉ ရက်အတွင်း မြင်တွေ့ရမှာဖြစ်ပြီး ဥက္ကာခဲ အများဆုံး ကြွေမယ့် ည က ယနေ့ ည ဧပြီ ၂၁ ရက် နေ့ ည သန်းခေါင် က နေ ဧပြီ ၂၂ အာရုံတက် ချိန်အထိ ဖြစ်ပါတယ်။
ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနီးတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေ က ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ Lyrid Meteor Shower က တော့ ၁၈၆၁ ခုနှစ်မှာ အပျော်တမ်းအာကာသ သိပ္ပံဝါသနာရှင် တဦးဖြစ်တဲ့ A.E. Thatcher လို့ခေါ်တဲ့ ပုဂ္ဂိုလ် က ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ကို ဂုဏ်ပြုသောအားဖြင့် Thatcher Comet လို့အမည်ပေးထားတဲ့ ကြယ်တံခွန် ကနေ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှားတွေ ကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ယခု ကြယ်မိုးရွာမည့် ဖြစ်စဉ်ကို ကြည့်ရှုမယ်ဆိုရင် အရှေ့မြောက်အရပ် အမြင့် ၃၀ ဒီဂရီ ခန့်မှာ ရှိတဲ့ Lyra Constellation အနီးကို ကြည့်ရှုနိုင်ပါတယ်။ ထို Constellation နားရှိ အလင်းလက်ဆုံး ကြယ်မှာ Vega လို့ခေါ်တဲ့ ကမ္ဘာက နေ အလင်းနှစ် ၂၅ နှစ် ခန့် ကွာဝေး တဲ့ ကြယ်ပဲဖြစ်ပါတယ်။ ယနေ့ ည ကြည့်ရှုမယ် ဆိုပါက အများဆုံး တစ်နာရီ ၂၀လုံး ခန့်အထိ မြင်တွေ့နိုင်ပါတယ်။ ကြယ်မိုးရွာ ခြင်းကို ကြည့်ရှုမယ် ဆိုပါက ပတ်ဝန်းကျင် မှာ အလင်း ရောင် အနည်းဆုံး နေရာ တစ်ခု ကို အရင်ဆုံး ရှာဖွေရန်လိုအပ်ပါမယ်။ မြို့အလင်းရောင်တွေ များတဲ့ နေရာများမှာ မြင်တွေ့ဖို့ အလွန်ခက်ခဲပါမယ်။ ဒီနှစ် အတွက် Lyrids ကြယ်မိုးရွာမယ့်နေ့ က လပြည့်နေ့မတိုင်ခင် တရက်ဖြစ်တာကြောင့် ပြည့်ခါနီး လ အလင်းရောင် ရဲ့ နှောက်ယှက်မှုက တော့ ရှိနေမှာပါ။ အလွန်လင်းလက်တဲ့ ကြယ်မိုးကြွေတာလောက်ကိုသာ မြင်နိုင်မှာဖြစ်ပြီး မှုန်တဲ့ ကြယ်မိုးကျဆင်းမှုတွေကိုတော့ မြင်နိုင်မှာမဟုတ်ပါဘူး။
~ MASES / Min Zaw Moe


