Questions explained agreeable preferred strangers too him her son. Set put shyness offices his females him distant.
မနက်ဖြန် မနက် မှာမြင်ရမယ့် ရှားပါးမြင်ကွင်း (သို့) ဂြိုဟ် ငါးလုံး တန်းစီခြင်း (Planet Parade) ဧပြီ လ ရဲ့ပထမ ပတ် ကနေ စပြီး မနက်ခင်းအစောပိုင်း အရှေ့ဖက် ကောင်းကင်မှာ ကျွန်တော်တို့တွေ ဟာ လ နဲ့ ဂြိုဟ်တွေ ကို တန်းစီပြီးမြင်လာရပါတယ်။ ဒီလို ဂြိုဟ်တွေကို ကောင်းကင် နေရာ တခုထဲမှာ စုပြီး မြင်ရတာဟာ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ အကောင်းဆုံး မြင်ရမှာဖြစ်ပါတယ်။ ၂၀ ရက်နေ့ မနက် ၄ နာရီခွဲ အချိန်...
မနက်ဖြန် ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်း နေမထွက်ခင် အချိန်မှာ အရှေ့ဖက် ကောင်းကင်ကို ကြည့်ပါ က စနေဂြိုဟ် (Saturn) နဲ့ အင်္ဂါ ဂြိုဟ် (Mars) တို့ ကို အလွန်နီးကပ်စွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ တကယ်တော့ ဒီဂြိုဟ် နှစ်ခု တခုနဲ့ တခု အမှန်တကယ် နီးကပ်လာခြင်းမျိုး မဟုတ် ပဲ ကျွန်တော်တို့ ကမ္ဘာပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းမှာသာ ဂြိုဟ် နှစ်ခု ကို ကောင်းကင် ရဲ့ တနေရာ ထဲမှာ နီးနီးကပ်ကပ် မြင်ရခြင်းမျိုးဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို နက္ခတ္တဗေဒပညာမှာ Conjunction...
လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ Astronomy သိပ္ပံပညာကို စိတ်ဝင်စားကြတဲ့ ဝါသနာရှင်များအတွက် ထူးခြားတဲ့ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ကို မြင်တွေ့ရနိုင်မယ့် နေ့တစ်ရက်ဖြစ်ပါတယ်။ ဒါက ဘာအဖြစ်အပျက်လည်းဆိုရင် Planet parade လို့ခေါ်တဲ့ ဂြိုလ်များတန်းစီလှည့်ခြင်းဖြစ်စဉ်ကို တမူထူးခြားစွာလေ့လာနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆို အထက်မိုးကောင်းကင်ရဲ့ မျက်နှာစာမှာ ဂြိုလ်တန်းစီလှည့်ခြင်းကို ဂြိုလ်အရေအတွက်အနည်းငယ်နဲ့ မြင်ရလေ့ရှိပါတယ်။ ဂြိုလ်သုံးလုံးတန်းစီခြင်းကို mini planet parade ….. ဂြိုလ်၄ လုံးတန်းစီခြင်းကို small planet parade …… ဂြိုလ်ငါးလုံး/ခြောက်လုံးအထက် ကို large planet parade …. ဆိုပြီးသတ်မှတ်ခေါ်ဝေါ်ကြပေမယ့် အခု ဖေဖော်ဝါရီလ ၂၈...
ပျော်ရွှင်ဖွယ် ခရစ်စမတ်အချိန်ကာလလေးကို ပိုင်ဆိုင်နိုင်ကြစေလို့ MASES အဖွဲ့သားတွေ အားလုံးက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ ပုံ က တော့ NASA’s Chandra X-ray Observatory ကနေ ရိုက်ယူထားတဲ့ Christmas Tree Cluster (NGC 2264) ပုံဖြစ်ပါတယ်။ Img Crd – X-ray: NASA/CXC/SAO; Optical: Clow, M.; Image Processing: NASA/CXC/SAO/L. Frattare and K. Arcand
NASA ရဲ့ James Webb အာကာသကြည့်မှန်ပြောင်း (JWST) ကို 2022 ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်အသုံးပြုခဲ့ပြီး စကြာဝဠာ၏ အစောဆုံးအချိန်တွေတည်းက ဖြစ်တည်ခဲ့ကြတဲ့ အလွန်တောက်ပတဲ့ဂလက်ဆီများစွာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ JWST ကရတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဂလက်ဆီဆင့်ကဲဖြစ်စဉ် (galaxy evolution) သီအိုရီတွေကို သက်သေပြနိုင်ဖို့ အတွက် ကြိုးစားနေကြပါတယ်။ ဒီတွေ့ရှိချက်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ အသေးစိတ်လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ စကြာဝဠာရဲ့ ပထမဆုံး ဘီလီယံနှစ်တွေအကြောင်းလေ့လာနိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ဒီ James Webb မှန်ပြောင်းဟာ အလွန်ဝေးကွာလှတဲ့ cosmic dawn (စကြာဝဠာအတွင်း ပထမဦးဆုံးကြယ်တွေ ဂလက်ဆီတွေဖြစ်ပေါ်ခါစအချိန်(စကြာဝဠာ၏...
“၂၀၂၅ ခုနှစ်အတွက် Venus ဂြိုလ်ရဲ့အလင်းလက်ဆုံးအချိန် ” Venus သောကြာဂြိုလ်ဟာ Solar system ထဲမှာရှိတဲ့ ဂြိုလ်တွေထဲမှာ အလင်းလက်ဆုံးဂြိုလ်ဖြစ်ပါတယ်။ မှောင်ရီစ ကောင်းကင်ယံမှာ ကြယ်တစ်လုံးလောက်နီးနီးလင်းလက်နေတာမို့ သူ့ကို morning star / evening star လို့တောင်ခေါ်ကြပါတယ်။ တကယ်တော့ သူက ကြယ်မဟုတ်ပဲ နေကို ဝိုင်းပတ်နေတဲ့ ကမ္ဘာလိုပဲ ဂြိုလ်တစ်လုံးသာဖြစ်ပါတယ်။ Venus ဆိုတဲ့နာမည်ဟာ ရောမတွေရဲ့ အချစ်နတ်ဘုရားမ Venus ကနေလာပါတယ်။နောက်ပြီးsolar system ထဲက ဂြိုလ်တွေကိုနာမည်ပေးထားတဲ့အထဲက အမျိူးသမီးနာမည်နဲ့ တစ်ခုတည်းသောဂြိုလ်ဖြစ်ပါတယ်။ Greek လူမျိုးတွေရဲ့ အလှဆုံးနတ်ဘုရားမ Aphrodite ဆီကဆင်းသက်လာတာပါ။ ဘာလို့...
၁၉၉၀ မှာ Hubble’s Telescope ကို စစလွှင့်တင်ပြီး မရှေးမနှောင်းမှာပဲ Nasa က နောက်ထပ် challenge အနေနဲ့ James Webb telescope အတွက် project စဖို့ပြင်တယ်။ စစချင်း သူ့အတွက် budget လျာထားတာက USD$ 1 billion နဲ့ ကြာချိန် ဆယ်နှစ်လို့မှန်းထားပြီးတော့ လျာထားတယ်။ (စီမံကိန်းနှစ်ခုကွာခြားတာယှဥ်ရရင် Hubble’s အတွက်Budget ကို က USD 400 million လို့မှန်းထားပြီး တကယ်ကုန်တော့ 1.8billion နဲ့ နှစ်စဥ်ထိန်းသိမ်းစရိတ် 98 million လောက်ကုန်ကျတယ်။)* မမျှော်လင့်ထားပဲနဲ့...
James Webb Space Telescope ကို 2021 Dec 25 မှာ လွှတ်တင်ခဲ့ပြီး လူသားတွေဖန်တီးခဲ့သမျှထဲမှာ အကောင်းဆုံးနဲ့ powerful အဖြစ်ဆုံး Telescope ပဲဖြစ်ပါတယ်။ Infrared Wavelength တွေကို အသုံးပြုပြီး ဓာတ်ပုံတွေပေးပို့ပေးနေတဲ့ ဒီ telescope ဟာ ကမ္ဘာနဲ့ မိုင်ပေါင်း ၁ သန်းအကွာအဝေးမှာလည်ပတ်နေကာ ယနေ့အချိန်ထိ သူ့ရဲ့တာဝန်ကိုကျေပွန်အောင် ထမ်းရွက်နေ ပြီး စကြာဝဠာကြီးရဲ့ လျို့ဝှက်ချက်တွေကိုရှာဖွေပေးနေဆဲပါ။ MASES Min Thant Nyo
ယနေ့ ၂၁.၁၀.၂၀၂၄ နေ့ည သန်းခေါင်အချိန်ကနေ ၂၂ ရက်နေ့ မနက်အစောပိုင်းထိမှာ Orionid Meteor Shower ကြယ်မိုးရွာခြင်း ဖြစ်စဉ် ဖြစ်ပေါ်ဖို့ရှိပါတယ်။ အဆိုပါ ကြယ်မိုး က တော့ Orion Constellation မှ ကျဆင်းမှာဖြစ်ပြီး မြန်မာအခေါ် မောင်ရှင်ဆိုင်းထမ်း ကြယ်စု (လိပ်တာရာ) အတွင်းမှ ကျဆင်းမှာဖြစ်ပြီး Orion ကြယ်စု ကောင်းကင် မှာ စတင် ထွက်ပေါ်လာမယ့် ည ၁၂ နာရီ ဝန်းကျင်ခန့်မှ စတင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ...
ယနေ့ ၂၀၂၄ မေလ ၅ ရက်နေ့ ညသန်းခေါင် အချိန်ကနေ ၆ ရက်နေ့ မနက်နေမထွက်ခင်အထိအချိန် တွေ မှာ Eta Aquarids Meteor Shower ကြယ်မိုးရွာခြင်းဖြစ်စဉ် ဖြစ်ပေါ်ဖို့ရှိပါတယ်။ အဆိုပါ ကြယ်မိုး က တော့ Constellation Aquarius ခေါ် ကုမ်ရာသီ ကြယ်တာရာထဲမှ ကျဆင်းမှာဖြစ်ပြီး မေ လ ၆ ရက်နေ့ မနက်စောစောပိုင်း မှာ မြန်မာနိုင်ငံမှ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။Eta Aquarids Meteor Shower မှ ကျဆင်းတဲ့ ကျောက်ခဲလေးတွေကတော့ နာမည်ကျော် ဟေလီ ကြယ်တံခွန် (Halley’s...
Endeavor bachelor but add eat pleasure doubtful sociable. Age forming covered you entered the examine. Blessing scarcely confined her contempt wondered shy.
Questions explained agreeable preferred strangers too him her son. Set put shyness offices his females him distant.
သိပ္ပံကိုချစ်သော… ပညာကိုချစ်သော… လောကကိုချစ်သော… မြန်မာလူငယ်များ တည်ထောင်သည်။
© 2024 Power By –
Myanmar Astronomy & Science Enthusiasts Society